နှလုံးသားကို ဖွင့်တဲ့သော့
မပျော်ရွှင်နိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းက..ကိုယ့်ကိုယ်ကိုယ်ပေးနိုင်နေတဲ့အရာတွေကို ကိုယ်တိုင်မပေးဘဲ..သူများဆီက မျှော်လင့်နေမိလို့ပဲဖြစ်ပါတယ်..။ သူများဆီက ချစ်ခြင်းတွေ..ဂရုစိုက်ခြင်းတွေ..အလိုက်သိခြင်းတွေ မျှော်လင့်နေမယ့်အစား..ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့..ဂရုစိုက်ဖို့..အလိုက်သိဖို့..ကျွန်မတို့ သတိမထားမိကြတာပါ..။ ကိုယ့်ကိုယ်ကိုယ် ချစ်နေမှတော့ သူများဆီကအချစ်ကို မျှော်လင့်နေဖို့မှ မလိုတာ…။ ကိုယ့်ရဲ့လိုအင်ဆန္ဒလေးတွေကို ကိုယ့်ဘာဘာဖြည့်ဆည်းပေးနိုင်မှတော့ သူများဆီက အလိုက်သိမှုတွေ…ဖြည့်ဆည်းမှုတွေကို မျှော်လင့်နေဖို့ မလိုတော့ဘူးမဟုတ်လား…။ ကျွန်မတို့အိမ်ထောင်အစဦးကာလပိုင်းတွေမှာ..အထင်လွဲရတာတွေ..စိတ်ဆိုးစိတ်ကောက်ရတာတွေ ရှိခဲ့ပါတယ်..။ အဓိကကတော့..ကျွန်မက ခင်ပွန်းဆီကနေ..အလိုက်သိမှုတွေ မျှော်လင့်နေမိတာကြောင့်ပဲဖြစ်ပါတယ်..။ ကျွန်မနှုတ်ကနေ ဖွင့်မပြောဘဲ..ကျွန်မစိတ်ကို သူအလိုလိုသိနေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးက အဆိုးဆုံးပါပဲ..။ သူက စိတ်ဖတ်တတ်သူမှ မဟုတ်တာ..ကျွန်မစိတ်ထဲ ဘာဖြစ်နေသလဲ..သူဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ..။ အချိန်ကာလကြာလာတာနဲ့အမျှ…ကျွန်မက သူ့ဆီကနေ မျှော်လင့်ချက်တွေမထားသလောက် လျှော့ချလ...