အချစ်ရဆုံး သမီးလေးသို့
သမီးလေးရေ…
ဘဝဆိုတာ..ပျော်စရာချည်းနဲ့ ဖန်တီးထားတဲ့ ပုံပြင်တစ်ပုဒ်မဟုတ်ပါဘူး..။ အောင်မြင်မှုတွေချည်း စောင့်ကြိုနေမယ့် စိတ်ကူးယဉ်ဇာတ်လမ်းလည်းမဟုတ်ပါဘူး..။ ပန်းတွေချည်းခင်းထားတဲ့ ပန်းကော်ဇောလို နေရာတစ်ခုလည်း မဟုတ်ပါဘူး…။ ဘဝဆိုတာ…ရိုလာကိုစတာစီးရသလိုပဲ..တစ်ခါတစ်လေ..ဟိုးအမြင့်ကြီးဆီ တက်သွားနိုင်သလို..မထင်မှတ်ဘဲ ဝုန်းခနဲလည်း ပြန်ပြိုကျလာနိုင်သေးတာပဲ…။ ပျော်ရွှင်ရတဲ့ အချိန်တွေ ရှိသလို..နာကျင်ဝမ်းနည်းရမယ့် နေ့ရက်တွေကိုလည်း မလွဲမသွေ ကြုံရဦးမှာပါပဲ..။ အရေးကြီးတာက ဘယ်အရာကမှ အကြာကြီးမဟုတ်ဘူးဆိုတဲ့ နှလုံးသွင်းမှန်ကန်ဖို့ပါပဲ…။ ပျော်စရာရှိရင်ပျော်လိုက်ပါ..ပြီးရင် ဒီအပျော်ကို တသသကြီး စွဲလန်းမနေပါနဲ့တော့…။ ခဏလေးပါပဲ..။ ဝမ်းနည်းကြေကွဲစရာရှိတဲ့အခါလည်း ခဏလေးတော့ငိုလိုက်ပါ…။ ပြီးရင် ဒါလည်းပဲ ပြီးသွားမှာပဲ..This too shall pass..လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပါ..။
ဘဝမှာ လွယ်ကူတဲ့အရာတွေရှိသလို..ခက်ခဲတဲ့အရာတွေလည်း ရှိရဦးမှာပဲ…။ အောင်မြင်တဲ့အချိန်တွေရှိသလို ရှုံးနိမ့်တဲ့အခိုက်အတန့်တွေရှိလာတဲ့အခါ..ရဲရဲတင်းတင်းလက်ခံလိုက်ပါ..။ ရှုံးနိမ့်တယ်ဆိုတာ..အောင်မြင်ဖို့အတွက် ကြိုးစားအားထုတ်သူတွေနဲ့ မစိမ်းတဲ့ ရလဒ်တစ်ခုပါ..။ အကြိမ်ကြိမ်ရှုံးပြီးမှ အောင်မြင်သွားတဲ့ သူတွေအကြောင်း ရှာဖွေဖတ်ကြည့်ပါ…။ ကိုယ့်ကိုယ်ကိုယ်အားပေးပါ..။ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့..ကိုယ့်ကိုယ်ကိုယ် အထင်မသေးလိုက်ပါနဲ့…။ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် မလုပ်ပါနဲ့..။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ..။ ကိုယ့်ကိုယ်ကို ဘာပဲဖြစ်ဖြစ်အကြွင်းမဲ့ လက်ခံပါ..။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ..။
လွန်းထားထား (ဆေးတက္ကသိုလ်)
ဈေးနှုန်း - ၁၁၀၀၀ ကျပ်
Order တင်ရန် 🛒
Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

Comments
Post a Comment