Posts

သူဌေးဖေဖေ ဆင်းရဲဖေဖေ

Image
  ဒီစာအုပ်ဟာ စာရေးသူ Robert Kiyosaki ရဲ့ ငယ်ဘဝ အတွေ့အကြုံကို အခြေခံထားပါတယ်။ သူ့မှာ ဖခင်နှစ်ယောက် ရှိခဲ့တယ်လို့ တင်စားထားပါတယ် - Poor Dad (သူ့ရဲ့ဖခင်အရင်း) - ပညာတတ်၊ အစိုးရဝန်ထမ်းဖြစ်ပြီး "ကြိုးစားသင်ယူပါ၊ ဘွဲ့ကောင်းကောင်းရအောင်လုပ်ပါ၊ ပြီးရင် လစာကောင်းတဲ့ အလုပ်တစ်ခုမှာ ဝင်လုပ်ပါ" ဆိုတဲ့ ရှေးရိုးစွဲအတွေးအခေါ်ရှိသူ။ Rich Dad (သူ့သူငယ်ချင်းရဲ့ဖခင်) - ကျောင်းပညာရေး သိပ်မရှိပေမယ့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး "ငွေကို ဘယ်လိုအလုပ်လုပ်ခိုင်းရမလဲ" ဆိုတဲ့ လက်တွေ့ကျတဲ့ ငွေကြေးဗဟုသုတ (Financial Literacy) ရှိသူ။ စာအုပ်က "ငွေကြေးချမ်းသာဖို့ဆိုတာ လစာများများရဖို့ထက် ငွေကြေးဆိုင်ရာ အသိပညာရှိဖို့က ပိုအရေးကြီးတယ်" ဆိုတာကို အဓိကထား တင်ပြထားတာဖြစ်ပါတယ်။ Price : 5000 MMK Order Now

တောင်တန်းတွေရဲ့အလွန်

Image
 တကယ်တော့ အချစ်ဆိုတာ ဘာမှမတတ်နိုင်သော ကိစ္စ တစ်ခုဟုပင် ဆိုချင်သည်။ ကိုယ်က ချစ်မိသော်လည်း ကိုယ့်ကိုချစ်လာ ဖို့ ဘာမှမတတ်နိုင်။ ကိုယ့်ကိုချစ်အောင် တတ်နိုင်သလောက် ကြိုးစား သည့်တိုင် ချစ်မလာလျှင်လည်း ဘာမှမတတ်နိုင်...။ တတ်နိုင်တာတစ်ခု ကတော့ သူက ချစ်ချစ်မချစ်ချစ် ကိုယ်က ဆက်ချစ်နေဖို့သာ ဖြစ်သည်။ ပုညခင် ဈေးနှုန်း - ၂၃၀၀၀ ကျပ် Order တင်ရန် 🛒 Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

နောက်ဆုံးနက္ခတ်

Image
 တိုင်းပြည်တွေမှာ သူ့အနံ့နဲ့သူရှိတယ်၊ ကျုပ်တို့တိုင်းပြည်မှာလည်း အနံ့ရှိတယ်လေ။ မြေသင်းနံ့ ၊ရွှံ့နံ့ ၊ စပါးနံ့ ၊ ရေရဲ့အနံ့၊ ပန်းရဲ့အနံ့ ၊ လူတွေ တိရိစ္ဆာန်တွေရဲ့အနံ့ ၊ ဒေသအစားအစာတွေရဲ့အနံ့။ တိုင်းပြည်ထဲက သဘာဝတရားတွေကနေ ထုတ်လွှတ်လိုက်တဲ့အနံ့ဟာ ကျုပ်တို့တိုင်းပြည်ရဲ့အနံ့ပေါ့။ ကျုပ်ကတော့ ဒီအနံ့ကိုရရင် ကျုပ်တို့တိုင်းပြည်ကို ပြန်ရောက်ပြီလို့ ခံစားရလို့ ဒီအနံ့ကိုကြိုက်တယ် ။ ဒီတိုင်းပြည်ဟာ သာယာသည်ဖြစ်စေ လှိုင်းထန်သည်ဖြစ်စေ နာဖျားသည်ဖြစ်စေ ကျုပ်တို့တိုင်းပြည်ပဲ။ ပုညခင် ဈေးနှုန်း - ၄၅၀၀၀ ကျပ် Order တင်ရန် 🛒 Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

မြကျေးရုံတို့ ပုဂံရွှေပြည်

Image
 “ရွှေစည်းခုံဘုရားက ကျန်စစ်မင်းကြီးရဲ့ကျောက်စာမှာ စစ်ကြောင့် မိသားစုနဲ့တကွဲတပြားဒုက္ခများခဲ့ရတဲ့ပြည်သူတွေကို မင်းကြီးက သနားကရုဏာနဲ့နှစ်သိမ့်ပေးခဲ့တယ်တဲ့ မောင်လေးရဲ့ ၊ ပုဂံရာဇဝင်မှာ ဘယ်မင်းကမှ ကျန်စစ်မင်းလို ပြည်သူကို သနားကရုဏာနဲ့ နှစ်သိမ့်မပေးခဲ့ဖူးဘူးတဲ့ “ (မြကျေးရုံ) “ကျွန်တော့်ကိုလည်း ဘယ်သူကမှ မမလို သနားကရုဏာနဲ့နှစ်သိမ့်မပေးခဲ့ဖူးပါဘူး ။ ကျွန်တော့်အတွက်တော့ မမက ကျန်စစ်သားပါပဲ “ (ရန်ပြေအေး)  ပုညခင် ဈေးနှုန်း - ၃၆၀၀၀ ကျပ် Order တင်ရန် 🛒 Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

နှလုံးသားကို ဖွင့်တဲ့သော့

Image
 မပျော်ရွှင်နိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းက..ကိုယ့်ကိုယ်ကိုယ်ပေးနိုင်နေတဲ့အရာတွေကို ကိုယ်တိုင်မပေးဘဲ..သူများဆီက မျှော်လင့်နေမိလို့ပဲဖြစ်ပါတယ်..။ သူများဆီက ချစ်ခြင်းတွေ..ဂရုစိုက်ခြင်းတွေ..အလိုက်သိခြင်းတွေ မျှော်လင့်နေမယ့်အစား..ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့..ဂရုစိုက်ဖို့..အလိုက်သိဖို့..ကျွန်မတို့ သတိမထားမိကြတာပါ..။ ကိုယ့်ကိုယ်ကိုယ် ချစ်နေမှတော့ သူများဆီကအချစ်ကို မျှော်လင့်နေဖို့မှ မလိုတာ…။ ကိုယ့်ရဲ့လိုအင်ဆန္ဒလေးတွေကို ကိုယ့်ဘာဘာဖြည့်ဆည်းပေးနိုင်မှတော့ သူများဆီက အလိုက်သိမှုတွေ…ဖြည့်ဆည်းမှုတွေကို မျှော်လင့်နေဖို့ မလိုတော့ဘူးမဟုတ်လား…။ ကျွန်မတို့အိမ်ထောင်အစဦးကာလပိုင်းတွေမှာ..အထင်လွဲရတာတွေ..စိတ်ဆိုးစိတ်ကောက်ရတာတွေ ရှိခဲ့ပါတယ်..။ အဓိကကတော့..ကျွန်မက ခင်ပွန်းဆီကနေ..အလိုက်သိမှုတွေ မျှော်လင့်နေမိတာကြောင့်ပဲဖြစ်ပါတယ်..။ ကျွန်မနှုတ်ကနေ ဖွင့်မပြောဘဲ..ကျွန်မစိတ်ကို သူအလိုလိုသိနေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးက အဆိုးဆုံးပါပဲ..။ သူက စိတ်ဖတ်တတ်သူမှ မဟုတ်တာ..ကျွန်မစိတ်ထဲ ဘာဖြစ်နေသလဲ..သူဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ..။  အချိန်ကာလကြာလာတာနဲ့အမျှ…ကျွန်မက သူ့ဆီကနေ မျှော်လင့်ချက်တွေမထားသလောက် လျှော့ချလ...

အချစ်ရဆုံး သမီးလေးသို့

Image
 သမီးလေးရေ… ဘဝဆိုတာ..ပျော်စရာချည်းနဲ့ ဖန်တီးထားတဲ့ ပုံပြင်တစ်ပုဒ်မဟုတ်ပါဘူး..။ အောင်မြင်မှုတွေချည်း စောင့်ကြိုနေမယ့် စိတ်ကူးယဉ်ဇာတ်လမ်းလည်းမဟုတ်ပါဘူး..။ ပန်းတွေချည်းခင်းထားတဲ့ ပန်းကော်ဇောလို နေရာတစ်ခုလည်း မဟုတ်ပါဘူး…။ ဘဝဆိုတာ…ရိုလာကိုစတာစီးရသလိုပဲ..တစ်ခါတစ်လေ..ဟိုးအမြင့်ကြီးဆီ တက်သွားနိုင်သလို..မထင်မှတ်ဘဲ ဝုန်းခနဲလည်း ပြန်ပြိုကျလာနိုင်သေးတာပဲ…။ ပျော်ရွှင်ရတဲ့ အချိန်တွေ ရှိသလို..နာကျင်ဝမ်းနည်းရမယ့် နေ့ရက်တွေကိုလည်း မလွဲမသွေ ကြုံရဦးမှာပါပဲ..။ အရေးကြီးတာက ဘယ်အရာကမှ အကြာကြီးမဟုတ်ဘူးဆိုတဲ့ နှလုံးသွင်းမှန်ကန်ဖို့ပါပဲ…။ ပျော်စရာရှိရင်ပျော်လိုက်ပါ..ပြီးရင် ဒီအပျော်ကို တသသကြီး စွဲလန်းမနေပါနဲ့တော့…။ ခဏလေးပါပဲ..။ ဝမ်းနည်းကြေကွဲစရာရှိတဲ့အခါလည်း ခဏလေးတော့ငိုလိုက်ပါ…။ ပြီးရင် ဒါလည်းပဲ ပြီးသွားမှာပဲ..This too shall pass..လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပါ..။  ဘဝမှာ လွယ်ကူတဲ့အရာတွေရှိသလို..ခက်ခဲတဲ့အရာတွေလည်း ရှိရဦးမှာပဲ…။ အောင်မြင်တဲ့အချိန်တွေရှိသလို ရှုံးနိမ့်တဲ့အခိုက်အတန့်တွေရှိလာတဲ့အခါ..ရဲရဲတင်းတင်းလက်ခံလိုက်ပါ..။ ရှုံးနိမ့်တယ်ဆိုတာ..အောင်မြင်ဖို့အတွက် ကြိုးစားအားထုတ်သူတွေနဲ့ မစိမ်းတဲ့ ရလ...

စိတ်ရှင်းရင် ဘဝရှင်းပါတယ်

Image
 ပစ္စုပ္ပန်အကောင်းလေးတွေစုပါ… ရွှေကျင်တဲ့အခါ ရွှေတိုရွှေစကလေးတွေကို ခဲသလဲတွေကြားကနေ တစ်စချင်းစီစစ်ပြီးကောက်ယူရတာကို မြင်ဖူးပါလိမ့်မယ်..။ အဲ့ဒီသဘောလေးအတိုင်းပါပဲ.. ကျွန်မတို့ရဲ့စိတ်အတွေးလေးတွေဟာ ခဲသလဲတွေလို အတိတ်နဲ့အနာဂတ်မှာ လွင့်မျောလွန့်လူးနေတတ်ပါတယ်..။ ဒီအထဲကမှ ပစ္စပ္ပန်ဆိုတဲ့ ရွှေစကလေးနဲ့တူတဲ့အချိန်ကလေးတွေကို စိတ်ရှည်လက်ရှည် ရွေးထုတ်ယူတတ်ဖို့လိုပါတယ်..။ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကလေးကိုထားနိုင်တဲ့အချိန်ဟာ ရွှေနဲ့တူတဲ့အချိန်လေးတွေပါပဲ..။ သိပ်ကိုတန်ဖိုးရှိတာပါပဲ..။ ပစ္စုပ္ပန်တည့်နေတဲ့စိတ်ကလေးမှာ ကောင်းတဲ့အတွေးလေးတွေ.. စိတ်စေတနာကောင်းတဲ့အတွေးလေးတွေ.. ကုသိုလ်စိတ်လေးတွေဖြစ်နေမယ်ဆိုရင် ရွှေစလေးတွေ စုနေတာပဲဖြစ်ပါတယ်..။  ပစ္စုပ္ပန်မှာကောင်းတဲ့အတွေးအပြောအလုပ်ကလေးတွေ လုပ်နေခြင်းဟာ အနာဂတ်အတွက် ကောင်းတဲ့ကုသိုလ်ကံတရားတွေစုဆောင်းနေခြင်းပါပဲ..။ အခုကောင်းနေတာဟာ အတိတ်ကကောင်းခဲ့တဲ့အကျိုးကို ခံစားနေရတာဖြစ်ပါတယ်..။ အခုပစ္စုပ္ပန်ကို အကောင်းလေးတွေစုနေမယ်ဆိုရင် အနာဂတ်အတွက် ကောင်းမှာသေချာနေပါပြီ..။ မကောင်းတဲ့အတွေးလေးတစ်စဝင်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတိလေးပေးလိုက်ပါ..။ အခု စိတ်ထားမကောင်းရင်.. အနာဂတ်...

ပိုအေးချမ်းတဲ့ကိုယ်

Image
 ဘဝက အဆင်မပြေတဲ့အခါ…နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ်..။ နှလုံးသွင်းမှန်လေ..ပြင်ပလောကဓံရဲ့ ရိုက်ခတ်မှုဟာ..ကိုယ်နဲ့ဘာမှမပတ်သက်သလို..ကိုယ့်ရဲ့စိတ်နှလုံးကို မထိခိုက်နိုင်အောင် ကာကွယ်နိုင်လေပဲ ဖြစ်ပါတယ်…။ ကိုယ်ဖြစ်ချင်တာတွေ..ဖြစ်မလာတဲ့အခါ…ကိုယ်မဖြစ်ချင်တာတွေဖြစ်လာတဲ့အခါ…ငါ့ကျမှ ဖြစ်ရလေခြင်းလို့ မခံယူဘဲ…ဒီအဆိုးလောကဓံဟာလည်း…ခဏပါပဲ…ဖြစ်ပြီးရင် ပျက်သွားဦးမှာပါပဲ..အချိန်တစ်ခုထိတော့..ငါကြံ့ကြံ့ခိုင်အောင် သည်းခံလိုက်ဦးမယ်.. ကိုယ်ဘာမှ မတတ်နိုင်တဲ့အရာတွေအတွက်..ပူပန်သောကများနေလို့လည်း ဘာထူးမှာလည်း..ကိုယ်လုပ်စရာရှိတာလေးတွေပဲ လုပ်ရင်း ဖြတ်သန်းမယ်..ဖြစ်လာသမျှကိုရင်ဆိုင်လိုက်ရုံပဲ…လို့ နှလုံးသွင်းဆင်ခြင်လိုက်တဲ့အခါ…အဆင်မပြေမှုတွေအတွက် သိပ်ပြီး ပူလောင်ခံစားမနေတော့ပါဘူး…။ တကယ်တော့..သောကဆိုတာ..တွယ်တာမှုကြောင့် ဖြစ်ရတာပါ..။ ဒီတွယ်တာမှုကို..ကိုယ်က လွှတ်ချလိုက်နိုင်ရင်..သောက ကင်းရတာပါပဲ…။ ဒါကြောင့်.. ဘာကိုမှ ဆုပ်ကိုင်မထားဖို့ လိုပါတယ်..။ အောင်မြင်မှု..ငွေကြေးချမ်းသာ..ဆိုတဲ့ အနှောင်အဖွဲ့ တွယ်တာမှုတွေကို လက်လွှတ်နိုင်လေလေ…နာကျင်ခံစားရမှု သက်သာလေလေပဲဖြစ်ပါတယ်…။ အဆင်မပြေတိုင်း..ဘဝက..ခဏလေး…အဆင်ပြေတဲ့အချိန် တစ်...

စိတ်စေတနာနဲ့ တန်တဲ့ဘဝ

Image
 တကယ်တော့ ကိုယ့်ဘဝမှာ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိနေဖို့ထက်…ကိုယ့်အပေါ် တကယ်စေတနာမေတ္တာရှိတဲ့..မိတ်ဆွေစစ်အနည်းငယ်လေးသာလိုအပ်ပါတယ်…။ အရေအတွက်ထက် အရည်အသွေးကို ပိုတန်ဖိုးထားရမှာဖြစ်ပါတယ်..။ followers တစ်သန်းထက်…ကိုယ့်အနားမှာ ကိုယ့်ရဲ့အကောင်းအဆိုး အပြစ်အနာအဆာမှန်သမျှကို လက်ခံနိုင်တဲ့…ကိုယ့်အမှားကို ခွင့်လွှတ်ပေးနိုင်တဲ့…သူ့ရှေ့မှာဆို ဟန်ဆောင်မျက်နှာဖုံးတပ်ထားစရာမလိုတဲ့…သူငယ်ချင်းစစ်တစ်ယောက်က ကိုယ့်အတွက် ပိုပြီးတန်ဖိုးရှိပါတယ်…။ ကိုယ်ဝမ်းနည်းတဲ့အခါ…သူ့ရှေ့မှာ ငိုကြွေးလို့ရတဲ့…ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကို ပြောပြလို့ လုံခြုံစေတဲ့ မိတ်ဆွေသူငယ်ချင်းကောင်း တစ်ယောက်လောက်သာရှိခဲ့ရင်…အထီးကျန်ခြင်းဆိုတဲ့ခံစားမှုဟာ ဝင်လာနိုင်မှာမဟုတ်ပါဘူး…။  အဲ့ဒိလို မိတ်ဆွေသူငယ်ချင်းကောင်းမျိုးလိုချင်တယ်ဆိုရင်…ကိုယ်ကအရင်ဆုံး အဲ့ဒိလိုမိတ်ဆွေသူငယ်ချင်းကောင်း ဖြစ်နေဖို့လိုပါတယ်…။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ…။ သူငယ်ချင်းတစ်ယောက်အတွက် ကိုယ်ဘယ်လောက် အချိန်ပေးခဲ့ဖူးသလဲ…သူ့ရဲ့အပြစ်အနာအဆာတွေကို ဘယ်လောက်ထိသည်းခံနားလည်ပေးခဲ့ဖူးသလဲ..သူအဆင်မပြေတဲ့အခါ…ဘယ်နှကြိမ်လောက် ကိုယ် သူ့အနားအရောက်သွားခဲ့ဖူးသလဲ…သူ့ရဲ့ရင်ဖွင...

ပိုကောင်းဖို့ ဖြစ်တာပါ

Image
လက်လွှတ်တတ်ပါစေ ဘယ်သူ့ကိုမှ...ဘယ်အရာကိုမှ...နက်ရှိုင်းစွာ မငြိတွယ်စေ ချင်ပါ...။ ငြိတွယ်တာနက်ရှိုင်းလေ...ရုန်းထွက်ရခက်ခဲလေ...၊ ရုန်း ထွက်ရခက်ခဲလေ...ဒဏ်ရာအနာတရ ကြီးမားလေမို့ပါ..။ ဘဝမှာ နာကျင်ခံစားရတဲ့ သောကမှန်သမျှဟာ ဆုပ်တွယ် ထားခြင်းကနေ မြစ်ဖျားခံပါတယ်။ တင်းကြပ်စွာဆုပ်တွယ်ထား လေလေ…နာကျင်ခံစားရလေလေပါပဲ...။ တွယ်တာစွဲလန်းမှုကြောင့် သာ...လက်လွတ်ဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့် သောကဖြစ် ရတာပါ...။ ဘဝမှာ ဆုပ်တွယ်ထားတာ နည်းနိုင်သမျှနည်းလေလေ… တွယ်တာမှုနည်းလေလေဖြစ်ပြီး...ဘဝဟာ သိသိသာသာ ရိုးရှင်း ပေါ့ပါးရလေဖြစ်ပါတယ်...။ ဥပမာပြောရရင်...ခရီးရှည်ကြီးတစ်ခု သွားရတဲ့အခါ...အထုပ်အပိုးတွေ ဝန်စည်စလွယ်တွေ ထမ်းပိုးထား ရတဲ့လူတစ်ယောက်နဲ့ယှဉ်လိုက်ရင်...လက်ထဲမှာ ဘာအထုပ်အပိုးမှ မပါဘဲ လွတ်လွတ်လပ်လပ် လက်ဗလာနဲ့သွားရသူက ပိုပြီးလွတ် လပ်ပေါ့ပါးပါတယ်...။ အနှောင်အဖွဲ့ကင်းနိုင်လေလေ….လူဟာ ပူပန်သောကကင်း ရလေလေပါပဲ…။ လူတစ်ယောက်ကို ကိုယ်ကအရမ်းချစ်ပြီး နှောင်ဖွဲ့ ထားလေလေ..သူ့ကိုလက်လွှတ်ဖို့ ခက်လေလေပါပဲ...။ စချစ်ကတည်းက တစ်နေ့မှာခွဲရမယ်ဆိုတဲ့ အသိကလေးနဲ့ အနှောင်အဖွဲ့ ကင်းစွာ ချစ်တတ်ဖို့လိုပါတယ်...။ သူ့ကို မေတ္တာလေးနဲ့သာ ချစ် ကြည့်ပါ...

ကံကြမ္မာကို မယုံကြည်ကြသူများ

Image
 "အချစ်မသိတဲ့လူက မနက်ဖြန်လက်ထပ်ဦးမလို့တဲ့"  အမျိုးသမီးငါးယောက်လုံး သဘောကျစွာရယ်မောလိုက်သည့်အသံက နည်းနည်းကျယ်လောင်သွားသည့်အခါ အောက်မှာဂစ်တာသံဖြင့်နစ်မျောနေသော ယောင်္ကျားလေးယောက်က မော့ကြည့်၏ ။ ကြယ်ရောင်မှိန်ပျပျအောက်မှာ သူတို့မျက်နှာများသည် သိပ်မသဲကွဲပါ ။ ဂျူး ဈေးနှုန်း - ၁၀၀၀၀ ကျပ် Order တင်ရန် 🛒 Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု

Image
 အနာဂတ်လူသားတွေဟာ သူရဲကောင်းကိုခေါင်းဆောင်တင်မယ့် လူသားတွေမဟုတ်ကြတော့ပါဘူး။ သူတိုအတွေးတွေ ပြောင်းကုန်ပါပြီ။ လူတစ်ယောက်ထဲမှာ အရည်အချင်းအကုန် ရှိလိမ့်မယ်လို့ သူတိုမယုံကြည်ကြတော့ပါဘူး။ သူတိုယုံကြည်တာက လူတစ်ယောက်တိုင်းမှာ ထူးခြားတဲ့အရည်အချင်း အနည်းဆုံးတစ်ခုစီရှိတယ်လို ယုံကြည်ကြပါတယ်။ ကောင်းမွန်တဲ့ အရည်အချင်းတွေ စုပေါင်းလိုက်ရင် ကောင်းမွန်တဲ့ဦးဆောင်မှုပေးနိုင်မယ်လို ယုံကြည်ကြပါတယ်။ ဒါကြောင့် အနာဂတ်မှာ ဦးဆောင်မယ့်သူတွေဟာ အစုအဖွဲနဲ့ ဦးဆောင်ကြရတော့မှာပါ။ ဒါကို Collective Leadership လို ခေါ်တာပါပဲ။ ထူးချွန်တဲ့သူတွေဆီမှာ ဆန်းသစ်မှုတွေ ရှိနေတတ်ပါတယ်။ အားလုံးကို တစ်ယောက်တည်း လုပ်နိုင်တာမဟုတ်လို အဲဒီလိုထူးချွန်သူတွေ စုပေါင်းလိုက်မယ်ဆိုရင် အလွန်ကြီးမားတဲ့ အားတစ်ခု ဖြစ်လာမှာပါ။ ဒီနေ့လူငယ်တွေ ထူးချွန်ကြပါတယ်။ အပြိုင်အဆိုင်ကြိုးစားကြပါတယ်။ အဲဒီကြိုးစားမှုရဲ့ရလဒ်အဖြစ် ဆန်းသစ်မှုတွေကို ဖန်တီးကြရမှာပါ။ ရလာတဲ့ ဆန်းသစ်မှုတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို လူကြီးတွေနဲ့ပူးပေါင်းပြီး သင်ယူကြပါလိမ့်မယ်။ ဆန်းသစ်တဲ့ အတွေးအခေါ်တွေအတွက် စီမံခန့်ခွဲမှုအသစ်တွေ လိုအပ်ပါတယ်။ ရှေးထုံးထဲက ပယ်သင့်တာတွေကို ပယ်ရပါမယ်။...

STRATEGIC MARKETING

Image
 စီးပွားရေးလောကမှာ မားကက်တင်းသမားတွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ (အထူးသဖြင့် အသေးစားလုပ်ငန်းရှင်တွေမှာ) တစ်ယောက်တည်းကပဲ တာဝန်တွေအများကြီးယူကြရလေ့ရှိပါတယ်။ အဲဒီအတွက် အများကြီးအာရုံမစိုက်နိုင်တဲ့အခါ ကိုယ်လိုချင်တဲ့ ရလဒ်တွေရရှိဖို ခက်ခဲလေ့ရှိပါတယ်။ စာအုပ်မှာပါဝင်တဲ့ အကြောင်းအရာအားလုံးဟာ ဝယ်သူတွေရဲ့ အပြုအမူအခြေခံတွေနဲ့ ထိရောက်နိုင်တဲ့ မားကက်တင်းနည်းလမ်းတွေကို အခြေခံထားပြီး မေးခွန်းတစ်ခုစီတိုင်းအတွက် ကိုက်ညီမယ့်အဖြေတွေကို စုစည်းပေးထားတာ ဖြစ်ပါတယ်။ ဆွေးနွေးချက်တွေက အတွေ့အကြုံ၊ ရာထူး၊ လုပ်ငန်းနယ်ပယ်၊ အရွယ်အစားမရွေး ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေကို ကူညီဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ အခန်းတစ်ခုစီကို ဘယ်လုပ်ငန်းအဖွဲအစည်းကမဆို လက်တွေ့အသုံးချနိုင်မှာဖြစ်ပြီး မားကက်တင်းနဲ့လုပ်ငန်းတစ်ခုကို လူတွေ ရင်ထဲရောက်ဖို ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မားကက်တင်းသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ ဆက်နွှယ်နိုင်တဲ့ပြဿနာတွေကို အခန်းလိုက် ဖြေရှင်းချက်တွေနဲ့အတူ ဒီစာအုပ်မှာ ဖတ်နိုင်မှာပါ။ ခေါင်းစဉ်တစ်ခုစီခွဲထားတဲ့အတွက် စာဖတ်သူက အစအဆုံးဖတ်စရာမလိုဘဲ သိချင်တဲ့အပိုင်းကို ဖတ်...

BEHAVIORAL MARKETING

Image
 “လူတွေ ကိုယ့် Brand ကို မှတ်မိစေချင်ရင် ခံစားရအောင်လုပ်တတ်ဖို လိုပါတယ်။ ကုန်ပစ္စည်းတွေရဲ့ Benefit တွေကို ကြော်ငြာတာထက် လူတွေကို Brand နဲ့တွဲပြီး စိတ်ခံစားချက်တစ်ခု မှတ်ထားလိုက်စေတာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ လူတွေဘာကြောင့် စျေးဝယ်လဲဆိုတာကို ကျွန်တော့်ခေါင်းထဲမှာ အမြဲတွေးဖြစ်တယ်။ ဘာလို ဒီ Shampoo မှ၊ ဘာလို ဒီအအေးမှ၊ ဘာလိုဒီကားမှ လူတွေကသဘောကျတာလဲ။ ဘာကြောင့်လဲပေါ့။ တဖြည်းဖြည်းနဲ့ အခုနောက်ပိုင်း ဒီ Behavioral Marketing / Neuromarketing ကိုလေ့လာတဲ့အချိန်မှာ လူတွေက စျေးဝယ်တဲ့အခါမှာ သူတိုဦးနှောက်ထဲမှာ နောက်ဆုံးစွဲကျန်တဲ့ Information တွေကို ဒီ Brand တွေနဲ့ ဆက်စပ်ပြီးတော့ ဆုံးဖြတ်ကြတာကို သတိထားမိတယ်။ ကျွန်တော်တိုက လူတွေရဲ့ လိုအပ်ချက်တွေ၊ ခံစားချက်တွေနဲ့ အပြုအမူတွေကို နားလည်နေမယ်ဆိုရင် သူတိုလိုချင်တာကို ပေးဖို့ကလည်း သိပ်ပြီး ခက်မှာမဟုတ်ပါဘူး။" အဲလက်စ်ခိုင် ဈေးနှုန်း - ၁၄၀၀၀ ကျပ် Order တင်ရန် 🛒 Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းနှင့် တိုးတက်အောင်မြင်ရေးမဟာဗျူဟာ ဆောင်းပါးများ

Image
 ဘယ်စီးပွားရေးလုပ်လုပ် Risk, Safety, Profit ဆိုပြီး ရှိပါတယ်။ Safety ဆိုတာက မိမိရင်းနှီးမြှုပ်နှံမှုလုပ်လိုက်မယ့် ငွေကြေးအရင်းအနှီး မပျောက်မပျက်ဘဲရှိနိုင်ခြေကို ဆိုလိုတာဖြစ်ပါတယ်။ Profit ကတော့ အကျိုးအမြတ်ဖြစ်ပြီး Risk ကတော့ လုပ်ငန်းကျဆုံးနိုင်ခြေ၊ ရင်းနှီးငွေဆုံးနိုင်ခြေလို သတ်မှတ်နိုင်ပါတယ်။  အဲဒီမှာ Safety က Profit နဲ့ ပြောင်းပြန်အချိုးကျပါတယ်။ Safety ဖြစ်လွန်းရင် အမြတ်နည်းပါမယ်။ မိမိပိုက်ဆံဆုံးရှုးဖိုမရှိသလောက် တအားကို Safe ဖြစ်နေမယ်ဆိုရင် သေချာတာကတော့ အမြတ်ရဖို နည်းမှာဖြစ်ပါတယ်။ ဥပမာ-ဘဏ်မှာငွေစုတာက ငွေဆုံးနိုင်ခြေအနည်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့တခြား စီးပွားရေးလုပ်ငန်းတွေနဲ့ယှဉ်ရင် အနည်းဆုံးဖြစ်နိုင်ပါတယ်။ ဒါနဲ့ပြောင်းပြန်ဖော်မြူလာကတော့ Risk များရင် Profit များလာပါမယ်။ ဒါပေမဲ့ Safety ကတော့ လျော့လာပါမယ်။ ကျွန်တော့်သဘောကတော့ Risk ၅၀ ရာခိုင်နှုန်း၊ Safety ၅၀ ရာခိုင်နှုန်းအောက် လုပ်ငန်းတွေပဲ လုပ်စေချင်ပါတယ်။ အပြန်အလှန်အားဖြင့် အမြတ်နဲ့ Risk ဟာ တိုက်ရိုက်အချိုးကျတာကြောင့် အမြတ်တအားများမယ်ဆိုတာမျိုးမှာ Risk ရာခိုင်နှုန်း သိပ်များနိုင်တဲ့အတွက် သတိထားရမှာဖြစ်ပါတယ်။ ဆရာ K...

အပြောင်းအလဲကို စီမံခြင်း

Image
 အပြောင်းအလဲဆိုတာ ဘာကြောင့်ပဲပြောင်းပြောင်း၊ ဘာကိုပဲပြောင်းပြောင်း အနာဂတ်ကိုဦးတည်ပြီး ပြောင်းရတာပါ။ အပြောင်းအလဲ(Change)ရဲ့နောက်မှာ အကူးအပြောင်း (Transition) ဆိုတဲ့အရွေ့ပါ ပါလာဖိုလိုပါတယ်။ တချို အပြောင်းအလဲတွေဟာ နည်းပညာအသစ်အဆန်းတွေနဲ့ ပြောင်းလဲရပါတယ်။ တချိုအပြောင်းအလဲတွေကျတော့ လုပ်နည်းလုပ်ဟန် ပြောင်းရပါတယ်။ တချိုအပြောင်းအလဲတွေကိုတော့ အခြေခံအတွေးအခေါ်ပါ ပြောင်းလဲရပါတယ်။ ပြောင်းလဲပြီဆိုတာနဲ့ ပထမဆုံး စဉ်းစားထားရမှာက Loss ဆိုတဲ့ ဆုံးရှုးမှုပါ။ ပြောင်းလဲခြင်းအများစုဟာ အရှုးနဲ့ ကြုံတတ်တယ်ဆိုတာ သိထားဖိုလိုပါတယ်။ ဒါကြောင့် ပြောင်းလဲမှုကိုစီမံတော့မယ်ဆိုရင် အရှုးကို ဘယ်လိုစီမံမလဲဆိုတာ စပြီးစဉ်းစားထားဖိုလိုပါတယ်။ ဒုတိယ စဉ်းစားထားရမှာက Resistance ဆိုတဲ့ ခုခံမှုပါ။ (သာသာယာယာလိုထင်နေတဲ့) လက်ရှိအခြေအနေကနေ ဘာမှန်းမသိတဲ့ အခြေအနေသစ်တစ်ခုကို ပြောင်းလဲလိုက်ရမှာကို လူတော်တော်များများက စိုးရိမ်တတ်ကြပါတယ်။ ဒါဟာ လူ့သဘာဝပါ။ ဒါကြောင့်မို့ အဲဒီအခြေအနေကို ပျက်ယွင်းမသွားရအောင် ကာကွယ်မိတတ်ပါတယ်။ အဲဒါကို ခုခံမှု (Resistance) လို သတ်မှတ်တာပါပဲ။ ခုခံမှု အားကြီးတဲ့အခါမှာ ကာကွယ်မှု ဖြစ်သွားပါတယ်။ ကောင်းလွန်း ဈေးနှုန...

မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း

Image
  မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဆိုတာ မိမိကိုယ်ကို တန်ဖိုးထားတတ်ခြင်း (Self-worth) ကနေလာတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ “I can” “I Shall” “I will” ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင်ကြားနေတာမျိုးပါ။ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ လူအများလျှောက်တဲ့လမ်းကို ရွေးဖို့ထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မှန်တယ်ထင်ရင် ရွေးချယ်ရဲ၊ လုပ်ရဲတယ်။ ယုံကြည်မှုရှိခြင်းဟာ စိတ်စွမ်းအားတစ်မျိုးပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ ဘယ်နေရာကမှ ထွက်လာတာမဟုတ်ဘူး။ အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ရင်းကနေ ရလာတာပဲ။ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်းရဲ့ အကြောင်းရင်းများစွာထဲက တချို့ကတော့ ငယ်ရွယ်စဉ်ကလေးဘ၀တုန်းက မိဘ၊ ဆရာတွေ၊ တခြားသူတွေထံက အလွန်အမင်း ပြစ်တင်ဝေဖန်ခံရတာ၊ တချို့ ပညာရေးနိမ့်ပါးတာ၊ ဘ၀မှာ ငွေကြေးကျပ်တည်းတာ၊ စိတ်ဖိစီးမှုများတာ၊ ချစ်သူနဲ့ အိမ်ထောင်ရေးပျက်ပြားတာ စတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းမရှိခြင်းက လုပ်ငန်းခွင်၊ ကိုယ်ပိုင်ဘဝ၊ ဆက်ဆံရေးအိပ်မက်တွေအပါအဝင် မိမိရဲ့ ဘဝ အစိတ်အပိုင်းများစွာကို အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ တိုးတက်ပြောင်းလဲသူတစ်ယောက်ဖြစ်ဖို့အတွ...

မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း

Image
 မိမိကိုယ်ကိုယုံကြည်မှု (Self-confidence) ဆိုတာဘာလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်ဆိုတာ ကိုယ်ဘာပဲလုပ်လုပ် အောင်မြင်မယ်ဆိုတဲ့ စိတ်စွမ်းအားရှိတာက မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းပါ။ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဟာ ဘဝမှာမရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းဖြစ်ပါတယ်။ သင်က လူတွေနဲ့ဆက်ဆံတဲ့အခါမှာ တစ်ဖက်လူကသင့်ကို ယုံကြည်ဖိုဆိုတာ မလွယ်ကူပါဘူး။ လူတွေရဲ့ယုံကြည်မှုကိုရဖိုဆိုရင် အရင်ဆုံး သင့်ကိုယ်သင်ယုံကြည်မှု တည်ဆောက်ထားရပါမယ်။ သင့်ကိုယ်သင်ယုံကြည်မှုရှိမှ သင့်ကိုအခြားသူတွေက ယုံကြည်ကြမှာပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူကို လူအများက လေးစားကြပါတယ်။ ဒါကြောင့်သင့်ကိုယ်သင် ယုံကြည်မှုရှိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ်မယုံကြည်ဘဲ အခြားသူတွေရဲ့ယုံကြည်မှုကို လိုချင်လိုမရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ဘဝမှာအခက်အခဲ၊အတားအဆီး တွေကို ကျော်လွှားနိုင်တယ်။ ကိုယ်လိုချင်တဲ့ဘဝကိုပုံဖော်ပြီး ရယူနိုင်ကြတယ်။ ဇွဲ၊သတ္တိရှိသူတွေ ဖြစ်ကြတယ်။ အောင်မြင်မှုကိုရအောင်ယူနိုင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိရင်တော့ အောင်မြင်မှုရဖို မလွယ်ကူ နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖိုဆိုရင် ကိုယ်လုပ်တဲ့အလုပ်ကို ယုံကြ...

ကိုယ့်ကိုယ်ကိုယ်‌ ပြောင်းလဲဖို့အတွက် သင်ခန်းစာ ၂၅ ချက်

Image
 “အမှားလုပ်တာက အပြစ်မဟုတ်ပါဘူး။ အဲဒီအမှားကနေ သင်ခန်းစာမယူတာကမှ အပြစ်ဖြစ်တယ်။” လူတိုင်းရဲ့ဘဝမှာ ဘဝသင်ခန်းစာတွေရှိပါတယ်။ အမှားကနေ သင်ခန်းစာယူတတ်တဲ့အကျင့်မရှိတဲ့သူဟာ ကြုံတွေလာတဲ့ ဘဝပြဿနာတွေကို သင်ခန်းစာပေးတယ်လို့မထင်မှတ်တော့ဘဲ မသိချင်ဟန်ဆောင်ပြီး ကျော်သွားကြပါတယ်။ လေးလေးနက်နက် မတွေးတော့ဘဲ ကြုံတွေ့လာတဲ့ပြဿနာကိုပဲ ရင်ဆိုင်မယ်။ ဘာပြဿနာပဲဖြစ်ဖြစ် ဖြစ်လာမှဖြေရှင်းမယ်လို့ သဘောထားနေရင် အမှားကနေ သင်ခန်းစာမယူဘဲ အမှားတွေကိုပဲ ဆက်တိုက်လုပ်မိနေပါလိမ့်မယ်။ အမှားလုပ်တာက အပြစ်မဟုတ်ပါဘူး။ အဲဒီအမှားကနေ သင်ခန်းစာမယူတာကမှ အပြစ်ဖြစ်တယ်။ အမှားမလုပ်ဘူးဆိုရင်လည်း ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းတတ်မှာမဟုတ်ပါဘူး။ အိုင်းစတိုင်းက ပြောတယ်။ တစ်ခါမှ မမှားဖူးတဲ့သူဟာ ဘာကိုမှ မည်မည်ရရ မလုပ်ဖူးသေးတဲ့သူပဲ” တဲ့။ သူပြောသလိုပါပဲ။ အမှားကို မကြုံဖူးတဲ့သူဟာ ဘာမှမလုပ်ဖူးလို့ပဲ။ မလုပ်တာကလည်း မှားမှာကြောက်လို့ပါပဲ။ မှားမှာကြောက်ပြီးဘာမှမလုပ်ဘဲ ထိုင်နေမယ့်အစား တစ်ခုခုကိုထပြီး လုပ်ကြည့်လိုက်လို့ မှားသွားတာက ပိုကောင်းပါတယ်။ လူတိုင်း အမှားလုပ်တတ်ကြပါတယ်။ အောင်မြင်သူတွေလည်း အမှားတွေလုပ်ပြီးမှ အောင်မြင်လာကြတာပါ။ သင်လည်းအောင်မြင်တဲ့သူဖြစ်...

ရင်နှီးမြှပ်နှံမှုဖြင့် ချမ်းသာကြွယ်ဝမှုဖန်တီးခြင်း

Image
  🍁ကိုယ့်ရဲ့အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှု Investment တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ တစ်နေ့နေ့မှာ အကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ်၊ မတော်တဆမှုစ်ခုကြောင့်ဖြစ်ဖြစ် အလုပ်မလုပ်နိုင်တော့ရင် ၊ ငွေမရှာနိုင်တော့ရင် ဒီရင်းနှီးမြုပ်နှံမှုတွေကိုပြန်ပြီး မှီခိုနိုင်မှာဖြစ်ပါတယ်။ သေချာတာကတော့ မမျှော်လင့်ထားတာ တစ်ခုမှမဖြစ်လာရင်တောင် တစ်နေ့မှာ အိုမင်းလာပြီး အလုပ်မလုပ်နိုင်ဘဲ အနားယူရမယ့်နေ့ကတော့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီအချိန်တွေအတွက် အိုစာမင်းစာ စုဆောင်းထားရုံသာမကပဲ ထိုက်သင့်တဲ့ရင်းနှီးမြုပ်နှံမှုတွေ ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။ 🍁နောက်တစ်ခုက “Savers are Losers” ဆိုတဲ့စကားလည်းရှိပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် ဒီအတိုင်း စုထား၊ ကိုင်ထားရင်ကို ဆုံးရှုံးမှုကြီးမားနေတဲ့အခုကာလမှာ မှန်ကန်တဲ့ Investment လုပ်နိုင်မှသာ ကိုယ့်ရဲ့ပိုင်ဆိုင်မှု၊ ကိုယ့်ရဲ့ငွေကြေးက စိတ်ချရမှာဖြစ်ပါတယ်။ 🍁တချို့ကရင်းနှီးမြုပ်နှံမှု Investment လို့ပြောလိုက်ရင် ငွေအရင်းအနှီးတွေ အများကြီးနဲ့ အကြီးအကျယ်ကြီး လုပ်ရတာမျိုးလို့ ထင်ကောင်းထင်နေကြလေ့ရှိပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ငွေ အနည်းအကျဉ်း သောင်းဂဏန်း၊ သိန်းဂဏန်းလောက်နဲ့ကို စတင်လို့ရပါ...

PASSIVE INCOME

Image
ဝင်ငွေလမ်းကြောင်းတစ်ခုမက ဖော်ဆောင်လိုသူတွေအတွက် ... Passive Income ဆိုတာကတော့ ကိုယ်တိုင်ထဲထဲဝင်ဝင် ပါဝင်အားထုတ်စရာမလိုဘဲ ကိုယ်ကခရီးပဲထွက်နေထွက်နေ၊ အိပ်ရာထဲမှာပဲအိပ်နေအိပ်နေ အချိန်တန်တဲ့အခါ ကိုယ့်အိတ်ကပ်၊ ကိုယ့်ဘဏ်အကောင့်ထဲ ငွေတွေဝင်လာတာကို ဆိုလိုတာပါ။ Financial Freedom လို့ခေါ်ကြတဲ့ ငွေကြေးဆိုင်ရာလွတ်လပ်မှုကို ခံစားရရှိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက Passive Income ရှိနေဖို့ပါပဲ။ Passive Income ရဖို့အတွက် Earned Income တစ်ခု အရင်ဆုံးရှိနေဖို့လိုပါတယ်။ ဒုတိယအဆင့်က အဲဒီ Earned Income ကနေ ရာခိုင်နှုန်းတစ်ခုကို လစဉ်စုဆောင်းပြီး ပမာဏတစ်ခုရအောင်လုပ်ရပါမယ်။ ဒီလိုစုဆောင်းနေစဉ်မှာလည်း မိမိရဲ့ Earned Income ကို ဆပွားတိုးလာအောင် လုပ်ဆောင်ရပါမယ်။ ဒါဆို စုလာတာရယ်၊ ဆပွားတိုးလာတာရယ်ကိုပေါင်းပြီး Passive Income တစ်ခုတည်ဆောက်ရုံပါပဲ။ ဆရာ Kaung Hein Soe (Strategic) ရဲ့ "Passive Income" စာအုပ်ထဲက ကောက်နုတ်ချက်တချို့ဖြစ်ပါတယ်။ ဒီစာအုပ်မှာ Personal Finance, Passive Income, Wealth ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ငွေဘယ်လိုရှာမလဲ၊ အထူးသဖြင့် Passive Income တစ်ခုဘယ်လိုတည်ဆောက်မလဲ၊ ငွေကို ဘယ်လို...

တိမ်နဲ့ချည်တဲ့ကြိုး

Image
  “ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ဖို့ မခက်ခဲပါဘူး။ အများစု အရာတွေဟာ ပျောက်ဆုံးဖို့သက်သက် ရည်ရွယ်ထားသလိုပဲမို့ သူတို့ကိုဆုံးရှုံးရလို့တော့ ဆောက်တည်ရာမရ ဖြစ်ဖို့မလို။ နေ့တိုင်း နေ့တိုင်း တစ်ခုခုတော့ ပျောက်ဆုံးနေကြတာပဲ။ တံခါးသော့ပျောက်တဲ့ စိတ်တိုခြင်းတွေ၊ ဆိုးဆိုးရွားရွား ကုန်ဆုံးသွားတဲ့ အချိန်နာရီတွေ။ ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ဖို့ မခက်ခဲပါဘူး။ ဒီတော့ နေရာတွေ နာမည်တွေ နောက်ထပ် နောက်ထပ် ဆုံးရှုံးဖို့ ပိုပြီး မြန်မြန်ဆုံးရှုံးဖို့ လေ့ကျင့်ရမှာပေါ့” ဂျူး ဈေးနှုန်း - ၁၀၀၀၀ ကျပ် Order တင်ရန် 🛒 Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

အမှတ်တရ

Image
  “မောင်က လိုက်ခဲ့ပါဟု ခေါ်တုန်းကလည်း မောင့် ဘေးမှာ ကျွန်မ ပါသည်။  မောင်က နေရစ်ခဲ့ဟု ဆိုပြန် တော့လည်း မောင် စိတ်အနှောင့်အယှက်ဖြစ်မည့် စာတစောင်၊ စကားတခွန်းမျှ မောင်မကြားရစေဘဲ ကျွန်မ ငြိမ်သက်စွာ နေရစ်ခဲ့တာ အမှန်ပါပဲ။  အဲသည်အထိ ကျွန်မ မောင့်ကို ချစ်မြတ်နိုးခဲ့ပါသည် မောင်။” ဂျူး ဈေးနှုန်း - ၆၀၀၀ ကျပ် Order တင်ရန် 🛒 Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

မြစ်တို့၏မာယာ

Image
" ရွေးချယ်ခွင့်သိပ်နည်းတဲ့  မိန်းမသားတွေရဲ့ဘဝမှာ တက်နိုင်သမျှကြိုးစားအားထုတ်မှုကို ဖြားယောင်းမှုလို့ နာမည်တပ်ရက်တဲ့အတွက်  ကျွန်မရှင့်ကိုချီးကျူးပါတယ် "  ဂျူး ဈေးနှုန်း   -   ၁၀၀၀၀ ကျပ် Order တင်ရန် 🛒 Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

မိမိကိုယ်ကို ပြုပြင်ခြင်း

Image
သူတို့တွေနဲ့နေရင် စိတ်ဆင်းရဲရပါမယ် ကျေးဇူးတရား မသိတတ်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ရိုးသားမှုမရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ကိုယ့်အတွက်ပဲ သိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ လောဘ ဒေါသ မောဟ အတ္တ မာနကြီးသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ကိုယ်ကျင့်တရားပျက်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ တာဝန်ပျက်ကွက်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ အကောင်းမြင်စိတ်မရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ အကျင့်စာရိတ္တမကောင်းသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ကိုယ်ချင်းစာစိတ်မရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ကတိသစ္စာတရားတွေ တည်ငြိမ်မှုမရှိတဲ့သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ သဘောတရား မပြည့်ဝသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ အဆိပ်အတောက်တွေ ရှောင်ရှားလေ  ကြွားဝါ ဟန်ဆောင်တတ်တဲ့စိတ်ဟာ မိမိဘဝအတွက် ကြီးမားတဲ့အဆိပ်အတောက်တစ်ခုပါ။ မိမိဘဝ တခဏတာ အဆင်ပြေဖို့အတွက် ကြွားဝါ ဟန်ဆောင်မှုတွေကို အသုံးမပြုပါနဲ့။ ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ မိမိဘဝကို တည်ဆောက်မိရင် အရှက်တကွဲ ဖြစ်ရတတ်ပါတယ်။ ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ မိသားစုဘဝကို တည်ဆောက်မိရင် ဘဝပြိုလဲတတ်ပါတယ်။ ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ သူငယ်ချင်းတွေကို တည်ဆောက်မိရင် ယုံကြည်မှု ကင်းမဲ့တတ်ပါတယ်။ ကြွားဝါ ဟန်ဆောင်တဲ့စ...