ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
"စာအုပ်ဆိုတာ အလုံပိတ်ထားတဲ့ အခန်းထဲကနေ ကမ္ဘာပတ်လို့ရတဲ့ တစ်ခုတည်းသော ယာဉ်ရထားဖြစ်တယ်"
စာအုပ်အိမ်ကို စာပေဝါသနာရှင်များအတွက် အရည်အသွေးမြင့် စာအုပ်ကောင်းများကို တစ်နေရာတည်းတွင် လွယ်လွယ်ကူကူ ရရှိနိုင်စေရန် ရည်ရွယ်၍ တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ရိုးရိုးအရောင်းဆိုင်ထက် ကျော်လွန်၍ စာဖတ်သူနှင့် စာအုပ်ကောင်းများအကြား ခိုင်မာသော တံတားတစ်စင်း ဖြစ်လာစေရန် ကြိုးပမ်းနေပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက် (Our Mission)
စာဖတ်ခြင်း ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရန်နှင့် စာဖတ်သူတိုင်း မိမိတို့နှစ်သက်သော ရသ၊ သုတ စာအုပ်များကို အိမ်တိုင်ရာရောက် အဆင်ပြေချောမွေ့စွာ ဖတ်ရှုနိုင်စေရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့ဆီမှာ ဘာတွေရနိုင်မလဲ
ကျွန်ုပ်တို့ရောင်းချသော စာအုပ်တိုင်းသည် အရည်အသွေး စစ်မှန်ကောင်းမွန်ကြောင်း အာမခံပါသည်။
ဝယ်ယူသူများ၏ စိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့၏ ပထမဦးစားပေးဖြစ်ပြီး၊ မှာယူသည့် စာအုပ်များကို စနစ်တကျ ထုပ်ပိုး၍ မြန်မာပြည်တွင်းရှိမြို့နယ်များနှင့် ပြည်ပနိုင်ငံများသို့အမြန်ဆုံး ပို့ဆောင်ပေးပါသည်။
ကျွန်ုပ်တို့နှင့် လက်တွဲရန်
စာအုပ်အိမ်သည် စာပေထုတ်ဝေသူများ၊ စာရေးဆရာများနှင့်လည်း လက်တွဲရန် အမြဲအသင့်ရှိနေပါသည်။ စာအုပ်များကို လက်လီ/လက်ကား မှာယူလိုသူများ၊ ထုတ်ဝေဖြန့်ချိလိုသူများ အနေဖြင့် ကျွန်ုပ်တို့၏ Facebook Page Messenger မှတိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ အောက်ပါ email နှင့် social media များမှဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Email - bookhouse2026@gmail.com
Facebook Page - https://www.facebook.com/share/1C52svRwwt/
Telegram - https://t.me/myabookshop
စာဖတ်ခြင်းဖြင့် ဘဝကို အလှဆင်ပါ – စာအုပ်အိမ်
Comments
Post a Comment