ပိုကောင်းဖို့ ဖြစ်တာပါ
ဘယ်သူ့ကိုမှ...ဘယ်အရာကိုမှ...နက်ရှိုင်းစွာ မငြိတွယ်စေ ချင်ပါ...။ ငြိတွယ်တာနက်ရှိုင်းလေ...ရုန်းထွက်ရခက်ခဲလေ...၊ ရုန်း ထွက်ရခက်ခဲလေ...ဒဏ်ရာအနာတရ ကြီးမားလေမို့ပါ..။
ဘဝမှာ နာကျင်ခံစားရတဲ့ သောကမှန်သမျှဟာ ဆုပ်တွယ် ထားခြင်းကနေ မြစ်ဖျားခံပါတယ်။ တင်းကြပ်စွာဆုပ်တွယ်ထား လေလေ…နာကျင်ခံစားရလေလေပါပဲ...။ တွယ်တာစွဲလန်းမှုကြောင့် သာ...လက်လွတ်ဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့် သောကဖြစ် ရတာပါ...။
ဘဝမှာ ဆုပ်တွယ်ထားတာ နည်းနိုင်သမျှနည်းလေလေ… တွယ်တာမှုနည်းလေလေဖြစ်ပြီး...ဘဝဟာ သိသိသာသာ ရိုးရှင်း ပေါ့ပါးရလေဖြစ်ပါတယ်...။ ဥပမာပြောရရင်...ခရီးရှည်ကြီးတစ်ခု သွားရတဲ့အခါ...အထုပ်အပိုးတွေ ဝန်စည်စလွယ်တွေ ထမ်းပိုးထား ရတဲ့လူတစ်ယောက်နဲ့ယှဉ်လိုက်ရင်...လက်ထဲမှာ ဘာအထုပ်အပိုးမှ မပါဘဲ လွတ်လွတ်လပ်လပ် လက်ဗလာနဲ့သွားရသူက ပိုပြီးလွတ် လပ်ပေါ့ပါးပါတယ်...။
အနှောင်အဖွဲ့ကင်းနိုင်လေလေ….လူဟာ ပူပန်သောကကင်း ရလေလေပါပဲ…။ လူတစ်ယောက်ကို ကိုယ်ကအရမ်းချစ်ပြီး နှောင်ဖွဲ့ ထားလေလေ..သူ့ကိုလက်လွှတ်ဖို့ ခက်လေလေပါပဲ...။ စချစ်ကတည်းက တစ်နေ့မှာခွဲရမယ်ဆိုတဲ့ အသိကလေးနဲ့ အနှောင်အဖွဲ့ ကင်းစွာ ချစ်တတ်ဖို့လိုပါတယ်...။ သူ့ကို မေတ္တာလေးနဲ့သာ ချစ် ကြည့်ပါ...။ မေတ္တာရဲ့သဘောကိုက ကိုယ့်အတွက်မကြည့်ဘဲ သူ့ အတွက်သာ တွေးပေးတာဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာနဲ့ တွယ်တာနှောင်ဖွဲ့ခြင်းဟာ လုံးဝကွဲပြား ခြားနားပါတယ်...။ ချစ်ခြင်းမေတ္တာက သူ့ကိုပျော်ရွှင်စေချင်တာ...၊ သူ့ရဲ့ကောင်းကျိုးချမ်းသာကို အလိုရှိတာ...၊ သူ့ဆီက ဘာကိုမှ ရကောင်းစေလို့ မမျှော်လင့်ဘဲ... သူ့ရဲ့ချမ်းသာခြင်းကိုသာ အလိုရှိတာ ဖြစ်ပါတယ်။
လွန်းထားထား (ဆေးတက္ကသိုလ်)
ဈေးနှုန်း - ၁၁၀၀၀ ကျပ်
Order တင်ရန် 🛒
Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

Comments
Post a Comment