မိမိကိုယ်ကို ပြုပြင်ခြင်း
သူတို့တွေနဲ့နေရင် စိတ်ဆင်းရဲရပါမယ် ကျေးဇူးတရား မသိတတ်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ရိုးသားမှုမရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ကိုယ့်အတွက်ပဲ သိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ လောဘ ဒေါသ မောဟ အတ္တ မာနကြီးသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ကိုယ်ကျင့်တရားပျက်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ တာဝန်ပျက်ကွက်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ အကောင်းမြင်စိတ်မရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ အကျင့်စာရိတ္တမကောင်းသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ကိုယ်ချင်းစာစိတ်မရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ ကတိသစ္စာတရားတွေ တည်ငြိမ်မှုမရှိတဲ့သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ သဘောတရား မပြည့်ဝသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။ အဆိပ်အတောက်တွေ ရှောင်ရှားလေ ကြွားဝါ ဟန်ဆောင်တတ်တဲ့စိတ်ဟာ မိမိဘဝအတွက် ကြီးမားတဲ့အဆိပ်အတောက်တစ်ခုပါ။ မိမိဘဝ တခဏတာ အဆင်ပြေဖို့အတွက် ကြွားဝါ ဟန်ဆောင်မှုတွေကို အသုံးမပြုပါနဲ့။ ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ မိမိဘဝကို တည်ဆောက်မိရင် အရှက်တကွဲ ဖြစ်ရတတ်ပါတယ်။ ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ မိသားစုဘဝကို တည်ဆောက်မိရင် ဘဝပြိုလဲတတ်ပါတယ်။ ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ သူငယ်ချင်းတွေကို တည်ဆောက်မိရင် ယုံကြည်မှု ကင်းမဲ့တတ်ပါတယ်။ ကြွားဝါ ဟန်ဆောင်တဲ့စ...