မိမိကိုယ်ကို ပြုပြင်ခြင်း


မိမိကိုယ်ကို ပြုပြင်ခြင်း

သူတို့တွေနဲ့နေရင် စိတ်ဆင်းရဲရပါမယ်
ကျေးဇူးတရား မသိတတ်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
ရိုးသားမှုမရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
ကိုယ့်အတွက်ပဲ သိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
လောဘ ဒေါသ မောဟ အတ္တ မာနကြီးသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
ကိုယ်ကျင့်တရားပျက်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
တာဝန်ပျက်ကွက်သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
အကောင်းမြင်စိတ်မရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
အကျင့်စာရိတ္တမကောင်းသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
ကိုယ်ချင်းစာစိတ်မရှိသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
ကတိသစ္စာတရားတွေ တည်ငြိမ်မှုမရှိတဲ့သူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
သဘောတရား မပြည့်ဝသူနဲ့နေရတာ စိတ်ဆင်းရဲရပါတယ်။
အဆိပ်အတောက်တွေ ရှောင်ရှားလေ
 ကြွားဝါ ဟန်ဆောင်တတ်တဲ့စိတ်ဟာ မိမိဘဝအတွက် ကြီးမားတဲ့အဆိပ်အတောက်တစ်ခုပါ။
မိမိဘဝ တခဏတာ အဆင်ပြေဖို့အတွက် ကြွားဝါ ဟန်ဆောင်မှုတွေကို အသုံးမပြုပါနဲ့။
ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ မိမိဘဝကို တည်ဆောက်မိရင် အရှက်တကွဲ ဖြစ်ရတတ်ပါတယ်။
ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ မိသားစုဘဝကို တည်ဆောက်မိရင် ဘဝပြိုလဲတတ်ပါတယ်။
ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ သူငယ်ချင်းတွေကို တည်ဆောက်မိရင် ယုံကြည်မှု ကင်းမဲ့တတ်ပါတယ်။
ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်မိရင် နာမည်သေ သွားတတ်ပါတယ်။
ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ အရာရာကို တည်ဆောက်မိရင် မကြာမီ အရာအားလုံး ပျက်စီးတတ်ပါတယ်။
အခက်အခဲဆိုတာ လူတိုင်းမှာရှိပါတယ်
အခက်အခဲဆိုတာ လူတိုင်းမှာရှိပါတယ်။ ဒီအခက်အခဲတွေကပဲ ကိုယ့်ဘဝကို ခိုင်မာအောင် ရင့်ကျက်လာအောင် လုပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခက်အခဲတွေဟာ များများရှိတာနဲ့ နည်းနည်းရှိတာ၊ ဖွင့်ပြောပြဖြစ်တာနဲ့ မပြောပြဖြစ်တာလောက်သာ ကွာခြားမှုတွေရှိပါတယ်။
ကိုယ်တစ်ယောက်တည်းပဲ ဒီအခက်ခဲတွေကို ခံစားရတယ်လို့တော့ မတွေးမိပါစေနဲ့။
ကိုယ့်မှာ အခက်အခဲရှိသလို သူ့မှာလည်း အခက်အခဲရှိပါတယ်။
ကိုယ့်မိသားစု ကိုယ့်နေရာ ကိုယ့်ပတ်ဝန်းကျင်မှာ အခက်အခဲရှိသလို သူ့မိသားစု သူ့နေရာ သူ့ပတ်ဝန်းကျင်မှာလည်း အခက်အခဲရှိပါတယ်။
ကိုယ့်အလုပ်မှာ အခက်အခဲရှိသလို သူ့အလုပ်မှာလည်း အခက်အခဲရှိပါတယ်။
ကိုယ့်မှာ ဖိနပ်မရှိတာကို အခက်အခဲလို့ ခံစားနေရရင် ခြေထောက်တောင် မရှိတော့တဲ့သူကို မြင်ယောင်ပေးပါ။
ကိုယ့်ထက်ပိုပြီးတော့တောင် အခက်အခဲရှိတဲ့သူ၊ အခက်ခဲတွေ့နေသူ၊ အခက်အခဲဒဏ်ကို ခံစားနေရသူတွေ လောကကြီးမှာ အများကြီးရှိသေးတယ်ဆိုတာကို တွေးကြည့်ရင်း အခက်အခဲကို ပယ်ဖျောက်ပေးပါ။

အရှင်စန္ဒိမာ (ရွှေဂန္တဝင်)
ဈေးနှုန်း - ၁၀၀၀၀ ကျပ်
Order တင်ရန် 🛒


Comments

Popular posts from this blog

မြစ်တို့၏မာယာ

တိမ်နဲ့ချည်တဲ့ကြိုး