အပြောင်းအလဲကို စီမံခြင်း
အပြောင်းအလဲဆိုတာ ဘာကြောင့်ပဲပြောင်းပြောင်း၊ ဘာကိုပဲပြောင်းပြောင်း အနာဂတ်ကိုဦးတည်ပြီး ပြောင်းရတာပါ။ အပြောင်းအလဲ(Change)ရဲ့နောက်မှာ အကူးအပြောင်း (Transition) ဆိုတဲ့အရွေ့ပါ ပါလာဖိုလိုပါတယ်။ တချို အပြောင်းအလဲတွေဟာ နည်းပညာအသစ်အဆန်းတွေနဲ့ ပြောင်းလဲရပါတယ်။ တချိုအပြောင်းအလဲတွေကျတော့ လုပ်နည်းလုပ်ဟန် ပြောင်းရပါတယ်။ တချိုအပြောင်းအလဲတွေကိုတော့ အခြေခံအတွေးအခေါ်ပါ ပြောင်းလဲရပါတယ်။
ပြောင်းလဲပြီဆိုတာနဲ့ ပထမဆုံး စဉ်းစားထားရမှာက Loss ဆိုတဲ့ ဆုံးရှုးမှုပါ။ ပြောင်းလဲခြင်းအများစုဟာ အရှုးနဲ့ ကြုံတတ်တယ်ဆိုတာ သိထားဖိုလိုပါတယ်။ ဒါကြောင့် ပြောင်းလဲမှုကိုစီမံတော့မယ်ဆိုရင် အရှုးကို ဘယ်လိုစီမံမလဲဆိုတာ စပြီးစဉ်းစားထားဖိုလိုပါတယ်။ ဒုတိယ စဉ်းစားထားရမှာက Resistance ဆိုတဲ့ ခုခံမှုပါ။
(သာသာယာယာလိုထင်နေတဲ့) လက်ရှိအခြေအနေကနေ ဘာမှန်းမသိတဲ့ အခြေအနေသစ်တစ်ခုကို ပြောင်းလဲလိုက်ရမှာကို လူတော်တော်များများက စိုးရိမ်တတ်ကြပါတယ်။ ဒါဟာ လူ့သဘာဝပါ။ ဒါကြောင့်မို့ အဲဒီအခြေအနေကို ပျက်ယွင်းမသွားရအောင် ကာကွယ်မိတတ်ပါတယ်။ အဲဒါကို ခုခံမှု (Resistance) လို သတ်မှတ်တာပါပဲ။ ခုခံမှု အားကြီးတဲ့အခါမှာ ကာကွယ်မှု ဖြစ်သွားပါတယ်။
ကောင်းလွန်း
ဈေးနှုန်း - ၁၈၅၀၀ ကျပ်
Order တင်ရန် 🛒
Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

Comments
Post a Comment