PASSIVE INCOME

PASSIVE INCOME


ဝင်ငွေလမ်းကြောင်းတစ်ခုမက ဖော်ဆောင်လိုသူတွေအတွက် ...

Passive Income ဆိုတာကတော့ ကိုယ်တိုင်ထဲထဲဝင်ဝင် ပါဝင်အားထုတ်စရာမလိုဘဲ ကိုယ်ကခရီးပဲထွက်နေထွက်နေ၊ အိပ်ရာထဲမှာပဲအိပ်နေအိပ်နေ အချိန်တန်တဲ့အခါ ကိုယ့်အိတ်ကပ်၊ ကိုယ့်ဘဏ်အကောင့်ထဲ ငွေတွေဝင်လာတာကို ဆိုလိုတာပါ။ Financial Freedom လို့ခေါ်ကြတဲ့ ငွေကြေးဆိုင်ရာလွတ်လပ်မှုကို ခံစားရရှိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက Passive Income ရှိနေဖို့ပါပဲ။

Passive Income ရဖို့အတွက် Earned Income တစ်ခု အရင်ဆုံးရှိနေဖို့လိုပါတယ်။ ဒုတိယအဆင့်က အဲဒီ Earned Income ကနေ ရာခိုင်နှုန်းတစ်ခုကို လစဉ်စုဆောင်းပြီး ပမာဏတစ်ခုရအောင်လုပ်ရပါမယ်။ ဒီလိုစုဆောင်းနေစဉ်မှာလည်း မိမိရဲ့ Earned Income ကို ဆပွားတိုးလာအောင် လုပ်ဆောင်ရပါမယ်။ ဒါဆို စုလာတာရယ်၊ ဆပွားတိုးလာတာရယ်ကိုပေါင်းပြီး Passive Income တစ်ခုတည်ဆောက်ရုံပါပဲ။

ဆရာ Kaung Hein Soe (Strategic) ရဲ့ "Passive Income" စာအုပ်ထဲက ကောက်နုတ်ချက်တချို့ဖြစ်ပါတယ်။ ဒီစာအုပ်မှာ Personal Finance, Passive Income, Wealth ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ငွေဘယ်လိုရှာမလဲ၊ အထူးသဖြင့် Passive Income တစ်ခုဘယ်လိုတည်ဆောက်မလဲ၊ ငွေကို ဘယ်လိုထိထိရောက်ရောက်စီမံခန့်ခွဲမလဲ၊ ဘယ်လိုစုဆောင်းပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ စတာတွေနဲ့ပတ်သက်ပြီး စာရေးသူရဲ့ ငွေကြေးဆိုင်ရာအသိပညာ၊ လက်တွေ့အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ 

Kaung Hein Soe (Strategic)

ဈေးနှုန်း - ၂၁၀၀၀ ကျပ်

Order တင်ရန် 🛒

Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

 

Comments

Popular posts from this blog

မြစ်တို့၏မာယာ

မိမိကိုယ်ကို ပြုပြင်ခြင်း

တိမ်နဲ့ချည်တဲ့ကြိုး