မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း
မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဆိုတာ မိမိကိုယ်ကို တန်ဖိုးထားတတ်ခြင်း (Self-worth) ကနေလာတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ “I can” “I Shall” “I will” ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင်ကြားနေတာမျိုးပါ။
မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ လူအများလျှောက်တဲ့လမ်းကို ရွေးဖို့ထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မှန်တယ်ထင်ရင် ရွေးချယ်ရဲ၊ လုပ်ရဲတယ်။ ယုံကြည်မှုရှိခြင်းဟာ စိတ်စွမ်းအားတစ်မျိုးပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ ဘယ်နေရာကမှ ထွက်လာတာမဟုတ်ဘူး။ အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ရင်းကနေ ရလာတာပဲ။
မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်းရဲ့ အကြောင်းရင်းများစွာထဲက တချို့ကတော့ ငယ်ရွယ်စဉ်ကလေးဘ၀တုန်းက မိဘ၊ ဆရာတွေ၊ တခြားသူတွေထံက အလွန်အမင်း ပြစ်တင်ဝေဖန်ခံရတာ၊ တချို့ ပညာရေးနိမ့်ပါးတာ၊ ဘ၀မှာ ငွေကြေးကျပ်တည်းတာ၊ စိတ်ဖိစီးမှုများတာ၊ ချစ်သူနဲ့ အိမ်ထောင်ရေးပျက်ပြားတာ စတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းမရှိခြင်းက လုပ်ငန်းခွင်၊ ကိုယ်ပိုင်ဘဝ၊ ဆက်ဆံရေးအိပ်မက်တွေအပါအဝင် မိမိရဲ့ ဘဝ အစိတ်အပိုင်းများစွာကို အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ တိုးတက်ပြောင်းလဲသူတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ ယုံကြည်မှုရှိအောင် တည်ဆောက်ပါ။ မိမိရဲ့လုပ်နိုင်စွမ်း၊ စွမ်းဆောင်ရည်ကို ယုံကြည်ပြီး လုပ်စရာရှိတာလုပ်ပါ။ ယုံကြည်မှု ရလာပါလိမ့်မယ်။
Dr. Moe ရဲ့ “မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း” စာအုပ်ကနေ ကောက်နုတ်ထားတာပါ။ ဒီစာအုပ်က Personal Development နဲ့ Career Development ဆိုင်ရာစာစုတွေကို စုစည်းထားတာဖြစ်ပါတယ်။ အထူးသဖြင့် တိုးတက်ပြောင်းလဲဖို့အတွက် တည်ဆောက်ရမယ့် စိတ်နေစိတ်ထား၊ ခံယူချက်နဲ့ အလေ့အကျင့်တွေ၊ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အလုပ်နဲ့ ငွေကြေးဆိုင်ရာအသိအပညာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
Dr. Moe
ဈေးနှုန်း - ၁၄၀၀၀ ကျပ်
Order တင်ရန် 🛒
Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

Comments
Post a Comment