မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း

မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း

 မိမိကိုယ်ကိုယုံကြည်မှု (Self-confidence) ဆိုတာဘာလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်ဆိုတာ ကိုယ်ဘာပဲလုပ်လုပ် အောင်မြင်မယ်ဆိုတဲ့ စိတ်စွမ်းအားရှိတာက မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းပါ။ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဟာ ဘဝမှာမရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းဖြစ်ပါတယ်။ သင်က လူတွေနဲ့ဆက်ဆံတဲ့အခါမှာ တစ်ဖက်လူကသင့်ကို ယုံကြည်ဖိုဆိုတာ မလွယ်ကူပါဘူး။ လူတွေရဲ့ယုံကြည်မှုကိုရဖိုဆိုရင် အရင်ဆုံး သင့်ကိုယ်သင်ယုံကြည်မှု တည်ဆောက်ထားရပါမယ်။

သင့်ကိုယ်သင်ယုံကြည်မှုရှိမှ သင့်ကိုအခြားသူတွေက ယုံကြည်ကြမှာပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူကို လူအများက လေးစားကြပါတယ်။ ဒါကြောင့်သင့်ကိုယ်သင် ယုံကြည်မှုရှိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ်မယုံကြည်ဘဲ အခြားသူတွေရဲ့ယုံကြည်မှုကို လိုချင်လိုမရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ဘဝမှာအခက်အခဲ၊အတားအဆီး တွေကို ကျော်လွှားနိုင်တယ်။ ကိုယ်လိုချင်တဲ့ဘဝကိုပုံဖော်ပြီး ရယူနိုင်ကြတယ်။ ဇွဲ၊သတ္တိရှိသူတွေ ဖြစ်ကြတယ်။ အောင်မြင်မှုကိုရအောင်ယူနိုင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိရင်တော့ အောင်မြင်မှုရဖို မလွယ်ကူ နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖိုဆိုရင် ကိုယ်လုပ်တဲ့အလုပ်ကို ယုံကြည်ခြင်း၊ ကိုယ်ပြောတဲ့စကားကိုယုံကြည်ခြင်း၊ ကိုယ့်ရဲ့လုပ်ရပ်အပေါ်ယုံကြည်ခြင်းစသဖြင့် ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှကို ကိုယ်တိုင်က ယုံကြည်မှုရှိနေဖိုလိုအပ်ပါတယ်။ 

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေဟာ မှန်တာကိုပြောရဲကြတယ်။ သူတိုပြောတဲ့စကားကို သူတိုတာဝန်ယူကြတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့စိတ်ရှိကြတယ်။ သူတိုမှာရည်မှန်းချက်ပန်းတိုင်ရှိကြတယ်။ ပန်းတိုင်ကိုရမယ်ဆိုတာ ယုံကြည်ထားကြတယ်။ အကောင်းမြင်စိတ်ရှိပြီး အကောင်းတွေကို ဖန်တီးနိုင်ကြတယ်။ လူတောတိုးပြီး လူရာဝင်တယ်။အခြားသူတွေက မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကို သူတိုက ဖြစ်အောင်လုပ်နိုင်ကြတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို စတင်လုပ်ဆောင်ရမှာက ကိုယ်ပိုင်ဆုံးဖြတ်ချက် အသေးလေးတွေချကြည့်ဖိုပါ။ သင်လုပ်ရမှာကြောက်နေတဲ့ အရာတစ်ခုကို စပြီးလုပ်ကြည့်တာမျိုး။ ဥပမာ-လူအများနဲ့စကားပြောရမှာကို မယုံကြည်ရင်၊ ကြောက်နေရင် လူနည်းစုနဲ့စပြီး စကားပြောကြည့်တာမျိုး၊ မိတ်ဆွေတွေရဲ့စကားဝိုင်းတွေမှာ ဝင်ပြောတာမျိုး စသဖြင့်လုပ်ကြည့်ပါ။ သင့်ကိုယ်သင်လုပ်နိုင်တာသိလာရင် ယုံကြည်မှုရှိလာပါလိမ့်မယ်။ ယုံကြည်မှုဆိုတာလေ့ကျင့်တည်ဆောက်ရတာဖြစ်တယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိဖို လေ့ကျင့်ပါ။

မြင့်မြင့်ခင်

ဈေးနုန်း - ၁၉၀၀၀ ကျပ်

Order တင်ရန် 🛒

Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

Comments

Popular posts from this blog

မြစ်တို့၏မာယာ

မိမိကိုယ်ကို ပြုပြင်ခြင်း

တိမ်နဲ့ချည်တဲ့ကြိုး