ရင်နှီးမြှပ်နှံမှုဖြင့် ချမ်းသာကြွယ်ဝမှုဖန်တီးခြင်း
🍁ကိုယ့်ရဲ့အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှု Investment တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ တစ်နေ့နေ့မှာ အကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ်၊ မတော်တဆမှုစ်ခုကြောင့်ဖြစ်ဖြစ် အလုပ်မလုပ်နိုင်တော့ရင် ၊ ငွေမရှာနိုင်တော့ရင် ဒီရင်းနှီးမြုပ်နှံမှုတွေကိုပြန်ပြီး မှီခိုနိုင်မှာဖြစ်ပါတယ်။ သေချာတာကတော့ မမျှော်လင့်ထားတာ တစ်ခုမှမဖြစ်လာရင်တောင် တစ်နေ့မှာ အိုမင်းလာပြီး အလုပ်မလုပ်နိုင်ဘဲ အနားယူရမယ့်နေ့ကတော့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီအချိန်တွေအတွက် အိုစာမင်းစာ စုဆောင်းထားရုံသာမကပဲ ထိုက်သင့်တဲ့ရင်းနှီးမြုပ်နှံမှုတွေ ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။
🍁နောက်တစ်ခုက “Savers are Losers” ဆိုတဲ့စကားလည်းရှိပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် ဒီအတိုင်း စုထား၊ ကိုင်ထားရင်ကို ဆုံးရှုံးမှုကြီးမားနေတဲ့အခုကာလမှာ မှန်ကန်တဲ့ Investment လုပ်နိုင်မှသာ ကိုယ့်ရဲ့ပိုင်ဆိုင်မှု၊ ကိုယ့်ရဲ့ငွေကြေးက စိတ်ချရမှာဖြစ်ပါတယ်။
🍁တချို့ကရင်းနှီးမြုပ်နှံမှု Investment လို့ပြောလိုက်ရင် ငွေအရင်းအနှီးတွေ အများကြီးနဲ့ အကြီးအကျယ်ကြီး လုပ်ရတာမျိုးလို့ ထင်ကောင်းထင်နေကြလေ့ရှိပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ငွေ အနည်းအကျဉ်း သောင်းဂဏန်း၊ သိန်းဂဏန်းလောက်နဲ့ကို စတင်လို့ရပါတယ်။
Investment တိုင်းမှာ Risk တွေ ရှိပါတယ်။ ဘာ Risk တွေလဲဆိုတာကို အကုန်အစင်သိအောင် အရင်ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အဲဒီ Risk တစ်ခုစီကို ကာကွယ်၊ လျှော့ချ၊ ပယ်ဖြတ်၊ အဆုံးရှုံးနည်းဆိုတဲ့ ဘယ်နည်းနဲ့လုပ်ဆောင်နိုင်မယ်ဆိုတာကို ပြင်ဆင်မယ်ဆိုရင် စိတ်ချရတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်လာစေမှာပါပဲ။
🍁ဒီစာအုပ်မှာ အခန်း ၅ ခန်းပါဝင်ပြီး ဒေါ်လာ၊ ရွှေ၊ စတော့နဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအပြင် ငွေကြေးဖောင်းပွမှုဆိုင်ရာ အသိပညာတွေကိုပါ ဖတ်ရှုရမှာဖြစ်ပါတယ်။ အထူးသဖြင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာအခြေခံသဘောတရားတွေ၊ Invest လုပ်တဲ့အခါ သိသင့်တဲ့ Income နဲ့ Capital Gain အကြောင်း၊ ထိရောက်တဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမဟာဗျူဟာတွေ၊ Invest စလုပ်တဲ့သူတွေရဲ့ လုပ်တတ်တဲ့အမှားတွေ စသဖြင့် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး လေ့ာယူသင်ယူစရာတွေ ပါဝင်ပါတယ်။
🍁ဆောင်းပါးတစ်ပုဒ်ချင်းစီမှာ ခိုင်မာတဲ့သီအိုရီတွေနဲ့ စာရေးသူရဲ့ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံတွေကို ပေါင်းစပ်ပြီးဝေမျှထားပါတယ်။
🍁လက်တွေ့ Investment လုပ်နေသူတွေ၊ ရင်းနှီးမြုပ်နှံမှုစလုပ်ချင်သူတွေ၊ ငွေကြေးနဲ့ ရင်းနှီးမြုပ်နှံမှုစျေးကွက်ကို လေ့လာနေသူတွေ၊ ကိုယ့်ရဲ့ငွေကြေးကို လုံခြုံစိတ်ချစေမယ့် နည်းလမ်းရှာနေသူတွေ၊ အလုပ်လုပ်ရင်း Passive Income ရှာလိုသူတွေ၊ Investment လုပ်ပြီး ချမ်းသာကြွယ်၀လိုသူတွေ၊ ဒေါ်လာ၊ ရွှေ၊ စတော့နဲ့ အိမ်ခြံမြေစျေးကွက်အကြောင်း နားလည်လိုသူတွေ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။
Kaung Hein Soe (Strategic)
ဈေးနှုန်း - ၂၂၅၀၀ ကျပ်
Order တင်ရန် 🛒
Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

Comments
Post a Comment